Lenovo S939
MORE PICTURESSamsung Galaxy Note 3 Neo
MORE PICTURESNokia Lumia 1520
MORE PICTURESMotorola RAZR HD XT925
MORE PICTURESLG G2 mini LTE
MORE PICTURESApple iPhone 5
MORE PICTURESHTC One (M8) for Windows (CDMA)
MORE PICTURESBlackBerry Z10
MORE PICTURESHuawei Honor 6
MORE PICTURESAsus PadFone S
MORE PICTURESAcer Liquid Z4
MORE PICTURESAlcatel One Touch Fierce
MORE PICTURESHP Slate6 VoiceTab
MORE PICTURESZTE Grand X Pro
MORE PICTUREST-Mobile G2x
MORE PICTURES
Tuesday, November 18, 2014
Brick ဖြစ်သွားသောဖုန်းကို Flash ပြန်လုပ်နည်း
ဒီ Post လေးဟာဖုန်းလောကထဲ ကို စတင်ဝင်ရောက် လာသူတွေလေ့လာသင့်တဲ့ Post လေးဖြစ်ပါတယ် Brick ဖြစ်သွားတဲ့ ဖုန်းတွေကို ပြန်ပြီး Flashing လုပ်နည်းလေးပါ။ ဒီနည်းလေးကို သုံး ဖို့ ရန်တိကျတဲ့ Firmware တွေကိုသုံးဖို့ လိုပါတယ် ဒါမှသာ သင့်ရဲ့ဖုန်းဟာ သုံးစားမရအောင်ဖြစ်သွားမဲ့ အနေထားကရှောင်နိုင်အောင်လို့ ဘဲဖြစ်ပါတယ်။ ဒီလို ဖုန်းတွေကို Flashing ဖြစ်အောင်ပြန်လုပ်တဲ့နည်း နှစ်ခုရှိပါတယ်။
    1. Card Flash ဆိုတဲ့ SD Card ထဲကို Firmware ကို Install လုပ်ပြီး သုံးတဲ့နည်းနဲ့ 
    2. Cable Flash ဆိုတဲ့ PC တို့  Laptop တို့ နဲ့ ချိတ်ဆက်ပြီးလုပ်တဲ့ နည်းတို့ ဖြစ်ပါတယ်။
CARD FLASH: ဒီ နည်းကိုသုံးတာက ပိုမိုလွယ်ကူစေပါတယ် သို့ သော်လည်း  SD Card ထဲကို Firmware တွေ install လုပ်ထဲ့ထားရမှာဖြစ်ပါတယ် ဒါမှမဟုပ် Recovery Install ရှိဖို့ လိုပါတယ်။ ဒါက သင်ဘာကို လိုတယ် ဆိုတာအပေါ်မှာမူတည်ပါတယ်။
    Micro SD Card ဟာ 4 GB အနည်းဆုံးရှိရပါမယ်။
    Battery အားက 70% ထက်နည်းနေလို့ မရပါဘူး။ ဒီအချက်လက်တွေကိုတိကျအောင်လိုက်နာပေးပါ။
အဆင့်ဆင့် လုပ် ဆောင်မှု များ။
SD Card ထဲကို ကွန်ပျူ  တာမှနေပြီး ROM File ကို Zip မဖြည်ဘဲထဲ့ပေးပါ ဒီနေရာမှာ သင့်ဖုန်းနဲ့  ကိုက်ညီတဲ့ ROM ဖြစ်ဖို့ အရန်းအရေးကြီးပါတယ် သို့ မဟုပ်ပါက အဆင်ပြေမည်မဟုပ်ပါ။ အင်္ဂလိပ်လိုပြောရရင် Unzip မလုပ်ပါနဲ့ ပေါ့။ သင်သုံးမဲ့ SD Card ဟာ အသစ်သော်၎င်း ဒါမှမဟုပ် Format ချထားတဲ့ Card ဖြစ်ရင် ပိုကောင်းပါတယ်။  ဖုန်းကို ပိတ်ပြီး SD Card ကိုထဲ့ပေးပါ။ ပြီးရင် Recovery Mode ထဲကိုဝင်ပါ ဒီနေရာကိုဝင်ဖို့  Volume Up Key နဲ့  Power အဖွင့်ပိတ် Key ကိုတစ်ပြိုင်ထဲ ဖိထားပေးပါ Power တက်လာတဲ့အထိဖိထားပါ။ ပိုသေချာသွားအောင် Video လေးနဲ့ ကြည့်ကြပါ။ 
ထို့ နောက် သင့်ဖုန်းက Home Key ကိုနှိပ်လိုက်ပါ အောက်ပါ ပုံကဲသို့ တွေ့ ရပါမည်။ ထို့ နောက် Volume Down Key ကနေဆင်းသွားပြီး Apply Update From SD-Card ကိုရောက်ရင် Power အဖွင့်ပိတ် Key ကိုနှိပ်ပေးလိုက်ပါ သူဘာသာ အလုပ်လုပ်တာတွေ့ ရပါမယ် ပြီးတဲ့အထိစောင့်ပေးပါ အောက်ကပုံအတိုင်းပြန် ဖြစ်သွားပါမယ် ဒီတစ်ကြိမ် Power Key ကို Reboot System Now ထပ်နှိပ်လိုက်ပါ ထိုအခါ သင်ထဲ့ထားတဲ့ ROM ခေါ် Firmware မှန်ကန်ပါက ပြန်ကောင်းသွားပါမယ်။
သင်က SD Card အဟောင်းကို သုံးခဲ့ လို့ Error တက်လာခဲ့ရင် SD Card ကို Format ချဘို့ မမေ့ပါနဲ့ ။
CABLE FLASH လုပ်နည်း
ဒီနည်းကတော့ပိုပြီးခေါင်းစားပါတယ် ဒါမေမဲ့ သင့်ဖုန်းကို Upgrade လုပ်တာမျိုး Version မြင့်တာမျိုးတွေကြတော့ ဒီနည်းနဲ့ ဘဲ လုပ်လို့ ရပါတယ် Card Flash နည်းကိုသုံးလို့ မရပါဘူး။
ဒီလိုလုပ်ဆောင်ဖို့ လိုအပ်တာတွေကတော့
    USB Data cable ကြိုး
    Battery Power ဟာ 70% အထက်ဖြစ်နေရပါမယ်။
    Computer (windows 7, ဖြစ်ရပါမယ် သူ့ မူရင်းရေးသူက Windows 8 နဲ့ မစမ်းရသေးဘူးတဲ့ ကျနော်ကတော့ Windows 8 နဲ့ လုပ်နေတာပါ)
    ZIP File ( File က တစ်ခြား ဘာသာဖြင့်ရေးထားရင် English လိုပြန်ပြောင်းပါ )
အဆင့်ဆင့် လုပ် ဆောင်မှု များ။
ဒီအဆင့်ကို လုပ်ဆောင်ဖို့  MT6575 သို့ မဟုပ် MT6577 USB Driver ကိုသင့်ရဲ့ PC သို့ မဟုပ် Laptop မှာ Install လုပ်ထားဖို့ လိုပါတယ်။ Dual Core Version များအတွက်တော့ သူ့ ထက်ဟောင်းတဲ့ Driver များကိုသုံးပေးရပါမယ်။ Driver အများအလုပ် မလုပ်ပါက ကွန်ပျူ တာထဲက Device Manager ထဲကိုဝင်စစ်ပြီး Update လုပ်ပေးခြင်း မရှိသေးပါက Install လုပ်ပေးခြင်းတို့ ကို ပြု လုပ်ရပါမယ်။ Device Manager ကိုမသုံးတပ်သေးရင် ဒီ Post မှာလေ့လာပါ။
Flash Tool ကိုအသုံးပြု ဖို့ ရန် Version v3.1304.0.119 ဒါမှာမဟုပ် သူ့ ထက်မြင့်တာကိုသုံးပါ Flash Tool ဟာ အလွန်ဇီဇာကြောင့်တဲ့ Tool တစ်မျိုးပါ တစ်ခါတစ် အဟောင်းက အသုံးဝင်တယ် တစ်ခါတစ်လေ အသစ်မှ သုံးလို့ ရတယ် ဒီတော့ Version စုံစုံလေး ရှိလေပိုကောင်းလေပါဘဲ ROM ကို Extract လုပ်ပြီး Desktop အပေါ်မှာထားလေ ပိုကောင်းလေပါဘဲ ဘာဖြစ်လို့ လဲဆိုတော့ File လမ်းကြောင်းရှာရတာ ပိုလွယ်လို့ ပါ။
SP Flash Tools များကိုအောက်မှာ ဒေါင်းလုပ်ယူ ပါ။
1> SP-Flash_Tool v3.1222.00
2> SP_Flash_Tool v3.1328.0.183
3> SP-Flash-Tool v5.1352.01
 လုပ်ငန်းစတင်လုပ်ဆောင်ရင် ဖုန်းထဲမှ Battery နဲ့  SD Card ကိုဖြု တ်ပါ၊ ပြီးရင် မိမိ Install လုပ်ထားတဲ့ SP Flash Tool ကိုဖွင့်ပါ။ ဖွင့်ပြီးရင် “MT6577_scatter_emmc.txt” ကို Flash Tool ထဲကိုထဲ့သွင်းပါ။ (“Samsung5410_Android_scatter_emmc”) ကို Flash Tool ကလက်မခံပါဘူး (“Samsung5410_Android_scatter_emmc”) ဖြစ်နေခဲ့ရင် ဆက်လုပ်လို့ ရမှာ မဟုပ်ပါဘူး သို့ သော် သင့်ဖုန်းက MT6589 သူကို “MT6589_scatter_emmc.txt” ဆိုပြီးနာမည်ပြောင်းပေးလိုက်ပါ။ ဒီ File ကိုထဲ့ပေးရမဲ့နေရာက ပုံထဲမှာ နံပါတ် 2 လို့ ပေးထားပါတယ်။ ဒီနေရာမှာ ပြောခြင်တာလေး တစ်ခုရှိတယ် ဒီ ROM တွေမတူညီလို့ ဖြစ်လာမဲ့ ပြဿ      နာကို မိမိ ဘာသာပြုလုပ်တာဖြစ်လို့  မလုပ်ကိုင်မှီသေခြာအောင် လေ့လာဖို့ ကတော့ သင့်တာဝန်သာဖြစ်ပါတယ်။ ကျနော်ကတော့ ဖုန်းတွေ ကွန်မျူ တာတွေဟာ ကျနော်သေရင် လိုက်လာမှာ မဟုပ်လို့  ဖြစ်ချင်ရဖြစ် သဘောထားပြီးစမ်းသတ်နေတာဖြစ်ပါတယ်။
ပြီးရင် နံပါ 4 ကိုကြည့်ပါ Firmware Update လို့ ရေးထားပါတယ် Click နှိပ်ပေးပါ။ ပြီးရင် ဘက်ထရီကိုပြန်တပ်ပါ ဖုန်း Power ကိုတော့မဖွင့်ပါနဲ့။ PC နဲ့  USB သူ့ အလိုလို ဆက်သွယ်ပါလိပ်မယ်။
Flash Tool စတင်အလုပ်လုပ်ပြီဆိုရင် အောက်မှာမြင်ရတဲ့ ပုံကဲ့သို့  အဝါရောင်တန်းလေးနဲ့  ရာခိုင်နှုံးတက်လာတာမြင်ရပါတယ်။
a2root10e
https://usmanafzal.files.wordpress.com/2013/10/a2root12e.gif?w=630&h=395
SP Flash Too သရုပ်ပြပုံကိုလည်းလေ့လာပါ။
Q&A  အမေး အဖြေများကိုလည်း ဖတ်ကြပါ။
Q: မေးထားတာက Flash tool error တက်ပြီး (“Samsung5410_Android_scatter_emmc”) စတင်လုပ်ဆောင်မှု မရှိပါဘူးတဲ့၊ 
A: ပြန်ဖြေပေးထားတာက သင့်ဖုန်းက MT6589 ဖြစ်နေရင် MT6577 ကို နာမည်ပြောင်းပေးပါတဲ့ ဆိုလိုတာက “MT6589_Android_scatter_emmc.txt” လို့ ပြောင်းရေးပေးရမယ်လို့ ပြောတာပါ။
Q: အမေးက Flash Tool စတင်လုပ်ဆောင်မှု မရှိဘူးတဲ့။
A: အဖြေက ကွန်ပျူ တာကို Restart ပြန်လုပ်ပါတဲ့ သို့ မဟုပ် Folder နာမည်တွေကို English ပြောင်းပေးပါတဲ့။
Q: မေးထားတာက Firmware Upgrade ကို Click နှိပ်ပြီးပေမဲ့ ဘာမှာ ထူးခြားမှု မပြပါဘူးတဲ့။
A: ပြန်ဖြေထားတာက Driver ကိုပြန်ပြီး Install လုပ်ပေးပါ Reboot လုပ်ပေးပါ၊ USB Port ကိုပြောင်းပေးပါတဲ့
Q: မေးထားတာက Flash Tool ကတော့ စတင်အလုပ် လုပ်ခြင်နေပြီး သို့ သော် ပြဿ      နာ ရှိနေသေးတယ်တဲ့။
A: ဖြေထားတာက Flash Tool ဟာ အလွန်ကထိကထများပါတယ်တဲ့ Flash Tool ရဲ့အခြား Version တွေကိုပြောင်းလဲ စမ်းသတ်ပါတဲ့။ နောက်ဆုံးပေါ်ဖြစ်လေ ကောင်းလေပါတဲ့ သို့ သော် တခါတစ်ရံ အဟောင်းတွေကို ပြောင်းရပါတယ်တဲ့။
Q: မေးထားတာက ရာခိုင်းနှုံး အပြည့်မတက်ဘူးတဲ့ 50 % နဲ့  70% လောက်သာတက်တယ်တဲ့။ 
A: ဖြေထားတာက Stop မှာ ကလစ်နှိပ်ပါ ပြီးရင် Reflash ထပ်လုပ်ပါ ဒီအတွက်သင့် ဖုန်း Brick မဖြစ်နိုင်ပါဘူးတဲ့။ ဘက်ထရီကိုအားကောင်းအောင်ဖြည့်ထားပေးဖို့ တော့လိုပါတယ်တဲ့။
Q: မေးထားတာက Reboot လုပ်ပြီးပေမဲ့ ဘာမှ အလုပ် မလုပ်ပါဘူးတဲ့။ 
A: ဖြေထားတာက သုံး မီးနစ်လောက်စောင့်ပါတဲ့ ဒါမှမဟုပ် ဘက်ထရီကိုဖြုတ်ပြီး ပြန်တပ်ပါ ဒါမှ မရသေးရင် Reflash ထပ်လုပ်ပါတဲ့။ 
Q: မေးထားတာက Scatter File ဆိုတာဘာလဲတဲ့။ 
A: အဖြေက အောက်ကပုံကိုကြည့်ပါတဲ့။ ( ဟီး တော်တော်ကောင်းတဲ့ အဖြေ ပုံနဲ့ ကိုပြထားပေးတယ် )
Q: မေးထားတာက ROM ဆိုတာဘာလဲတဲ့ ။
A: အဖြေက အောက်ပုံကိုကြည့်ပါတဲ့။ 
ဒီထက်ပိုမေးစရာရှိရင် မေးပါလို့ ပေးထားတယ် ဒီ Post ကိုဘာသာပြန်တဲ့ ကျနော်မှာလည်းမေစရာရှိတယ် ကျနော်က လက်တွေသမားပါ လုပ်လဲ လုပ်နေပါတယ် ကျနော့ ပြဿ      နာ အဆင်ပြေသွားရင် ဒီ Post မှာထပ်တင်ပေးပါမယ်။အောက်မှာ Video လေးလဲ ပေးထားပါတယ်ကြည့်ကြပါ ကျနော် ဒီ Post ကိုရေးနေရင်း ကြားဖြတ် မေးလာတဲ့ Post တွေတင်ပေးနေရလို့  ဒီနေ့ မှ လက်စသတ်ဖြစ်တာပါ။ Video ထဲက ဖုန်းအမျိုးစားတွေကတော့ Star B92M or HDC Galaxy S3 EX (Dual Core Versions) to Android 4.1.2 Jellybean တို့ ဖြစ်ပါတယ်။ Click here  for  ဒီကနေပြီးသွားရောက်လေ့လာကြပါအုန်း။
မြန်မာတို့ အတွက် ဗဟုသုတ ဆိုဒ်မှ ကူးယူသည်
No comments:
Post a Comment