Lenovo S939
MORE PICTURESSamsung Galaxy Note 3 Neo
MORE PICTURESNokia Lumia 1520
MORE PICTURESMotorola RAZR HD XT925
MORE PICTURESLG G2 mini LTE
MORE PICTURESApple iPhone 5
MORE PICTURESHTC One (M8) for Windows (CDMA)
MORE PICTURESBlackBerry Z10
MORE PICTURESHuawei Honor 6
MORE PICTURESAsus PadFone S
MORE PICTURESAcer Liquid Z4
MORE PICTURESAlcatel One Touch Fierce
MORE PICTURESHP Slate6 VoiceTab
MORE PICTURESZTE Grand X Pro
MORE PICTUREST-Mobile G2x
MORE PICTURES
Tuesday, November 18, 2014
Viber မွာ စာလံုးမပါလာသည္မ် ား ကို ပြင်နည်း
စကားပြောဆိုရင်းနှီးလာတော့ ကျနော် အသက်နဲ့  ရုပ်ကို အမှန်လဲ သိကြရော တစ်ယောက်မှ စကား မပြောကြတော့ဘူး ဟား ဟား ကျနော် အဲလောက် ရုပ် ချောပါတယ် ( ကြွားတာ )။
ကျနော်ရဲ့ ရင်းရင်းနှီးနှီးစကားပြောနေတာ ဆိုလို့  အင်တာနက်ကနေ သာသိကြပြီး လူခြင်းမမြင်ဘူးဘဲ ဝက်ဆိုဒ်ရေးနည်းကို အွန်လိုင်းကနေသင်ပေးခဲ့တဲ့ ခလေးတစ်ယောက်ဘဲ ကျန်ပါတော့တယ် ကျနော်ကို သူ့  ဆရာ ဆိုတဲ့သံရောဇဉ် နဲ့  ခုချိန်ထိ စကားပြောနေတာဖြစ်မှာ မှာပါ။ ကျနော့ကို တကယ့် အကိုတစ်ယောက်လို သံရောဇဉ်ရှိပါတယ်။ ကျနော်သူကို အမျိုးမျိုးနာမည်ပြောင်းခေါ်လေ့ရှိပါတယ်။
အရင်းနှီးဆုံး ဖြစ်လို့  သူ့ ကို ကျနော် က သဲသဲ လို့ ခေါ်ပါတယ် သူနဲ့ ကျနော် Viber ကနေစကားပြောတဲ့အခါ သူ့ ဘက်က ပို့ လာတဲ့ စာတွေပြောက်နေတာတွေ့ ရပါတယ်။ ဒါကြောင့် ကျနော် သူပို့ လိုက်တဲ့ စာတွေကို ကော်ပီကူးယူပြီး ဖတ်တော့ တွေ့ ရတဲ့ ပြဿ     နာလေးတွေကို Post အဖြစ်တင်ပေးလိုက်တာပါ။ အောက်ကပုံတွေကို ကြည့်ပါ။
 အပေါ်က ပုံ မှာ သူပြောထားတဲ့ စာကို မမြင်ရတာကို လေးထောင့် ဘောင်နဲ့ ပြထားပေးပါတယ် ဒီတော့ မမြင်ရတဲ့စာ နေရာကို လက်နဲ့ ထောင့်ထားလိုက်ရင် အောက်က ပုံ မျိုး Copy ကူးယူလို့ ရပါတယ်။
 ဒီလို Copy ကူးယူပြီးတော့ သူပို့ တဲ့စာကို စာပြန်ရိုက်မဲ့နေရာမှာ ချပေးလိုက်ပါတယ်။ အောက်က ပုံ ကိုကြည့်ပါ။ စာရိုက်မဲ့ နေရာကိုလဲ လက်နဲ့ ကြာကြာလေး ဖီထားရင် Paste ဆိုတာပေါ်လာပါတယ် အဲဒီ Paste ဆိုတဲ့စာသားကို နှိပ်ပေးလိုက်ရင် သူ ပို့ လာတဲ့ စာသား ရောက်လာပါပြီ ဒါပေမဲ့ မမြင်ရသေးပါဘူး။
အောက်ပုံကိုကြည့်ပါ အဲဒီစာရိုက်မဲ့နေရာထဲမှာ Paste နဲ့ နေရာချပေးပြီးရင် သင်စိတ်ထဲ ရှိတဲ့ အက္ခရာ ကိုမ် ားမ် ားရုိက္ထဲပါ။ ပြီးရင် Delete ကို နဲ့ နဲ့ လောက်နှိပ်ပါ ပြီးရင် ထပ်ရိုက်ပါ။ ကျနော်ကတော့ ည အက္ခရာတွေရိုက်ထဲ့ လိုက်ပါတယ်။ ပြီးရင် စာရိုက်တဲ့နေရာကို လက်လေးနဲ့ ပွတ်ပေးလိုက်တာ အောက်က ပုံလိုစာတွေပေါ်လာတယ်။
အပေါ်ပုံကစာတွေထဲက ည ဆိုတာလေးတွေကို ဖယ်ပြီးဖတ်လိုက်ရင် "ပြောပြန်တော့လည်း ပြန်မပြောဘူးနော် " တဲ့ ဒါက ကျနော် မမြင်ရတဲ့ စာကို ဖတ်နည်းပါ။ ဒီမှာလဲ နောက်ထပ် ပြသနာတစ်ခု ရှိပါသေးတယ် သူ ပို့ လိုက်တဲ့ စာလုံးတွေထဲက တစ်ခုခု ပေါ့ စာရိုက်တဲ့ နေရာကျန်နေခဲ့ရင် ကိုရိုက်တဲ့ စာလဲ သူ့ ဆီမှာသွား မပေါ်တော့ဘူး။ အောက်က ပုံ ကိုကြည့်ပါ။ 
အဲဒီ Good Morning အောက်က စာက ကျနော်ပြန်ရိုက်လိုက်တာလေ သူ့ ဆီမှာလဲ မမြင်ရဘူး။ ဒါကဘာ့ကြောင့်လဲ ဆိုတော့ ခုဏက Copy ကူးယူလိုက်တဲ့ စာတွေထဲက တစ်ချောင်းငင်လေး ကျန်နေခဲ့လို့ ပါဘဲ အပေါ်ပုံမှာဘဲ ကြည့်ပါ Goog Morning လို့ ပို့ ထားတဲ့ Sticker အထက်မှာ " ချစ်သူလေး " ဆိုတဲ့စာပြီးရင် အနီနဲ့ ဝိုင်းပြပေးထားတာပါ ဒီ တစ်ချောင်းငင် လေးကိုဖြုတ်လိုက်နိုင်မှ ကို့ ဘက်က စာရိုက်တာကို သူ့ ဘက်ကမြင်ရမှာဖြစ်ပါတယ်။ ကျနော်ကတော့ အဲလိုဖြစ်လာရင် Sticker တစ်ခု ခု ပို့ ပေးလိုက်တာပါဘဲ။
အောက်ပုံကိုကြည့်ပါ။ ကျနော်ပို့ ထားတဲ့ စာ မပေါ်လို့  Sticker တစ်ခုပို့ ပြီး ပြန်ရိုက်ကြည့်တော့ စာပြန်ပေါ်လာပါတယ်။ ဒီပြဿ     နာလေး ဟာ အသေးဖွဲလေးပေမဲ့ စာဖတ်ရတာ စိတ်အနှောက်ရှက်ဖြစ်စေပါတယ်။ 
အပေါ်ပုံမှာ Delivered ဆိုတဲ့စာ ပေါ်ပြီး ဒီဖက်က ပို့ တဲ့စာ မပေါ်လို့  ကောင်လေးမျက်ရည်ကျ နေတဲ့ Sticker လေးပို့ ပေးလိုက်တော့ မှ အောက်ကစာမှာ ပြန်ပေါ်တာကို တွေရပါတယ်။ 
 Update လုပ်တာတွေကြောင့် စာမပေါ်ခြင်း ကိုဖြေရှင်းနည်း
Update ကြောင့် ဖြစ်ရတာဆိုရင်တော့ Viber ကို Version ပြန်နှိပ်ပြီးသုံးပါ ဒီလို Version ပြန်နှိပ်ဖို့ ကတော့ Version အဟောင်းကိုပြန်သုံး ပါလို့ ပြောတာပါ။ Old Version လေးကို ဒီကနေဒေါင်းယူပါ။ 
နောက်ပြီး Update တွေကိုလည်း ပြန်ပိတ်ပေးထားဖို့ လိုပါတယ် ဒီနည်းကိုအောက်က ပုံတွေမှာ ကြည့် ပြီး အဆင့်ဆင့်လုပ်သွားပါ။ ဒီလို Update မလုပ်ဖို့  သင့်ရဲ့ ဖုန်းထဲက Play Store ထဲကိုဝင်ပါ။ အောက်ကပုံလေးကိုကြည့်ပါ။ 
 Play Store ထဲကိုဝင်ပြီးရင် အောက်ကပုံကိုကြည့်ပါ အနီရောင်ဘောင်ကိုမျှားပြပေးထားတဲ့ နေရာကိုနှိပ်ပြီးဝင်ပါ။
အောက်ကပုံမှာပြထားပေးတဲ့ အနီရောင်ဘောင်ခတ်ထားတဲ့နေရာကနေ Setting ထဲကိုဝင်ပါ။
Setting ထဲကိုဝင်ပြီးရင်အောက်ကပုံကိုမြင်ရပါမယ်။ ပုံထဲမှာမြင်ရတဲ့အတိုင်း Auto-update apps ထဲမှာ Auto-update apps over Wi-Fi only လို့ ရေးထားတဲ့အတွက် သင့်ရဲ့ဖုန်းက Auto-update လုပ်ပေးနေတာဖြစ်ပါတယ် ဒီတော့ အဲဒါကိုပိတ်ပေးရပါမယ်။
 အောက်ကပုံကိုကြည့်ပါ၊ အဲဒီ Auto-update ကိုနှိပ်ပြီးဝင်ပါ ပြီးရင် Do not auto-update apps ကိုနှိပ်ပေးလိုက်ပါ ဒါဆိုရင် သင့်ရဲ့ Play Store ဟာ Apps တွေကို Update လုပ်မပေးတော့ပါဘူး။
အောက်ကပုံကိုကြည့်ပါ Auto-update apps ထဲမှာ Do not auto-update apps လို့ မြင်ရပြီဆိုရင်ပြီးသွားပါပြီ။
Version အဟောင်းသမားများ Auto-update ကိုပိတ်လိုပါက အောက်ကပုံများကိုကြည့်လုပ်ကြပါ။ ကျနော်ကတော့ Version အဟောင်းသုံးစရာမလိုလို့  ပုံတွေကို ကိုယ်တိုင် မဖန်တည်းနိုင်လို့  လွင်မင်းဗိုလ်ဆီက သွားမလာတာပါ။ 
အောက်ကပုံလေးထဲမှာ အမှန်ချစ်လေးရှိနေရင် ဖြု တ်ပေးလိုက်ရုံပါဘဲ။ 
တချို့ Android ဗါးရှင်း အဟောင်းတွေ (Android 2.3.7 လို) မှာ Setting >> About Phone >> Softwares Update မှာ Off လုပ်ပြီး ပိတ်လို့ ရသလို.. တချို့ Android ဗါးရှင်းတွေမှာ ဆိုရင်တော့ Setting >> Security >> Software Update မှာ Off လုပ်ထားလို့ ရပါတယ်..။ သတိ မမူ ဂူ မမြင်မို့ လား မြင်တာလေး ကို ပြောပြပေးတာပါ။ ကဲ့ ကျနော့ ဆရာမလေး လဲ ဒီ Post ကိုဖတ်ပြီး ဘာလုပ်ရမယ် ဆိုတာလေး သတိထားနော် တော်ကြာ ကောင်လေး စိတ်ကောက်နေအုန်းမယ်။
မြန်မာတို့ အတွက် ဗဟုသုတ ဆိုဒ်မှ ကူးယူသည်
No comments:
Post a Comment