Lenovo S939
MORE PICTURESSamsung Galaxy Note 3 Neo
MORE PICTURESNokia Lumia 1520
MORE PICTURESMotorola RAZR HD XT925
MORE PICTURESLG G2 mini LTE
MORE PICTURESApple iPhone 5
MORE PICTURESHTC One (M8) for Windows (CDMA)
MORE PICTURESBlackBerry Z10
MORE PICTURESHuawei Honor 6
MORE PICTURESAsus PadFone S
MORE PICTURESAcer Liquid Z4
MORE PICTURESAlcatel One Touch Fierce
MORE PICTURESHP Slate6 VoiceTab
MORE PICTURESZTE Grand X Pro
MORE PICTUREST-Mobile G2x
MORE PICTURES
Tuesday, December 30, 2014
Fecebook ထဲက ကျနော့ မိတ်ဆွေတစ်ယောက်ရဲ့ ဖုန်းထဲမှာ Play Store မရှိလို့  Screen Shot ဒေါင်းယူလို့ မရဖြစ်နေတာကူညီပါဆိုတာနဲ့  ကျနော်ရဲ့ ဝက်ဆိုဒ်ထဲက ဒေါင်းယူပါလို့ ပြောပြီး URL ကို Facebook CB ကနေပို့ ပေးတာ ကိုဒေါင်းယူပြီးတော့ App ကိုရှာမရဖြစ်နေပါတယ်တဲ့။ သူ့ ရဲ့အားနည်းချက်က သူမှ မဟုပ်ပါဘူး မြန်မာနိုင်ငံ ဘလွတ်ရွှတ်သောက် လူတွေရဲ့ မြန်မာနဲ့ အင်္ဂလိပ်ပေါင်းရေးတဲ့ အကျင့်ရယ် လူပျင်းများထုံးနှစ်လုံးမူပြီး စာကို အတိုကောက်ရေးကြတာတွေဟာ ကျနော့အတွက် မြန်မာတို့ ရဲ့
အလေ့ထများလားလို့ တောင်ထင်ရပါတယ် ဒီ Post ဟာသူ့ အတွက် အထူးရေးပေးတာပါ။ ဒီ Post ရေးပြီးပြီးချင်း သူဆီကိုပို့ ပေးမှာဖြစ်ပါတယ်။ ဒီတော့ မသိသူကို အများကြီးကူညီချင်ပါတယ် ဒါပေမဲ့ ကျနော့ကို မေးလာတဲ့အမေးတွေဟာ ကျနော်ဘယ်လို့  ပြန်မပြောနိုင်အောင် နောက်တစ်မျိုးပြောရရင် ကျနော်နားလယ် အောင် ပေးတပ်တဲ့ အရည်ချင်းလဲ မရှိပါဘူး ခုလိုပြောတာ အားနည်းချက်ကို ဖိနင်းတာမဟုပ်ပါဘူး အမှားမြင်အောင် ပြင်နိုင်အောင်ပါ။ မလေးမှာ နေတဲ့ ကျနော့ကို မပေးတာလေး တစ်ခုလောက်ပြောပြပရစေ။ သူ့ ဖုန်းထဲက Software တစ်ခုဟာ
အပြာရောင်လေး ဖြစ်နေပါတယ်တဲ့ အဲဒါဘာဖြစ်နိုင်ပါသလဲတဲ့၊ ကျနော်ကလဲ ဒီလောက် လန်ထွက်နေအောင်တော်သူ မဟုပ်တော့ သူ့  Software ဟာ ဘာအမျိုးအစားမှန်းမသိ ဘာကြောင့်ပြာနေမှန်း မသိတာကို ကျနော်ဘယ်လို ဖြေလို့ ရမှာလဲ။ ဒီစာကို ကာယကံရှင်လဲ ဖတ်ရမှာပါ ဒီတော့ မေးခွန်းတစ်ခုကိုမေးတာ ဖြေပေးသူနားလည်နိုင်အောင်ပေးဖို့ လိုပါတယ်။ ဒီတော့ ကျနော်သူကို မမေးဖို့  မေတ္တာရပ်ခံပြီး ဒီ ScreenShot ကိုသူနားလည်နိုင်တဲ့အထိရှင်းပြပေးဖို့ ကြိုးစားရင်း ဒီ Post ကိုရေးလိုက်တာပါ။ ကျနော့ဝက်ဆိုဒ်တွေထဲမှာ PlayStore ထဲက Apps တွေကိုသိမ်းထားတာ ဒီဆိုဒ်မှာရော မြန်မာတို့ အတွက် ဗဟုသုတ ဆိုဒ်မှာပါရှိပါတယ် ဒီတော့ ပထမဆုံး ScreenShot App ကိုဒေါင်းယူရမှာဖြစ်ပါတယ် အောက်ပါ ဒေါင်းလုပ် Link  မှာဒေါင်းယူပါ။
ScreenShot Download Link 
ဒီလိုဒေါင်းလုပ်ယူဖို့ အထက်က Link ကိုနှိပ်ပြီးသွားရင် အောက်ပါပုံကိုမြင်ရမှာဖြစ်ပါတယ်၊  အောက်ကပုံကိုကြည့်ပါ Google Drive မှာသိပ်းထားတာဖြစ်ပါတယ် ဘာမှ အပိုမပါ ပါဘူး အလယ်ခေါင်တည့်တည့်က Download လို့ ရေးပေးထားပြီး မျှားခေါင်းလေးပါ အောက်ကို စိုက်ပြပေးထားပါတယ်။
ဒီတော့ အထက်ကပုံမျိုးမြင်ရပြီဆိုရင် Download လုပ်လို့ ရပြီမို့ အပြာရောင်စလုံးနဲ့ ရေးထားတဲ့ Download နေရာကို လက်နဲ့ တို့ ပြီးဖွင့်ပြီး ဒေါင်းယူမယ်ဆိုရင် ဒေါင်းလုပ် လုပ်နေပြီလား မလုပ်သေးဘူးလားဆိုတာ အောက်ကပုံတွေကိုကြည့်ပါ။
ဒေါင်းလုပ် လုပ်ပေးနေပြီဆိုရင် အပေါ်ကပုံလို လိမ္မော်ရောင် တန်းလေး တက်လာတာကိုတွေ့ ရမှာဖြစ်ပါတယ်။ ဖုန်းအမျိုးစားတွေကွာလို့  ဒီလိုပုံမျိုးကိုမပြဘူးဆိုရင်လည်း ဖုန်းတိုင်းမှာ ဒေါင်းလုပ် ယူနေတာတူတဲ့ အချက်ကတော့ အောက်ပါပုံမျိုးဖြစ်ပါတယ်။ 
အထက်ကပုံရဲ့ အပေါ်ဆုံး ဘယ်ဘက်ထောင့်မှာ မျှားခေါင်းအောက်စိုက်ဆင်းပြီး ဒေါင်းယူနေတာကို တွေ့ ရမှာဖြစ်ပါတယ်။ ဒီတော့ ဒေါင်းလုပ်ပြီးသွားရင် File ရှိတဲ့နေရာကို ရှာရတာလဲ သူအနေနဲ့ အရန်းကိုခက်နေလို့ အသေးစိတ်ရှင်းပြပေးလိုက်ပါတယ်။ ဒီတော့ ဒေါင်းယူထားတဲ့ App File ရှိရာကို နှစ်နေရာကနေသိနိုင်ပါတယ်။ တစ်ခုက Downloads ဆိုတဲ့ Folder မှာသွားရှာရမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့်ပါ အောက်ဆုံးမှာ မျှားလေးနဲ့ ပုံပါ။ 
နောက်တနည်းကတော့  ဒေါင်းလုပ် လုပ်ယူပြီးပြီးချင်းမှာ သာ သုံးလို့ ရတဲ့နည်းဖြစ်ပါတယ်။ အထက်ကပုံမှာဘဲ Screen ရဲ့ အပေါ်ဆုံးအပေါ်ဆုံးနေရာကို လက်နဲ့ ထောက်ပြီးအောက်ကိုဆွဲချပါ။ အောက်ကပုံတွေကိုကြည့်ပါ လက်နဲ့ ဖိပြီးအောက်ကိုဆွဲယူတာကို ပုံနှစ်ပုံနဲ့ နမူနာပြပေးထားပါတယ်။
0B-Ar5N9FMNWwdk1FMH စသဖြင့် မြင်နေရတဲ့ စလိုး ဟာ ScreenShot App File ဖြစ်တာကြောင့် ဒီ App ကို Install လုပ်ပေးရမှာဖြစ်ပါတယ် သူ့ ကို ဖွင့်ပြီးဝင်မယ်ဆိုရင်တော့ သင် စပြီး Install လုပ်မှာဖြစ်ပါတယ် ဒီတော့ ဒီ App လေးကို Install လုပ်ဖို့ ဝင်လိုက်မယ် ဆိုရင် အောက်ကပုံကို မြင်ရမှာဖြစ်ပါတယ်။
ဒီတော့ အထက်ပါပုံထဲမှာ မြင်ရတဲ့ Install နေရာကို နှိပ်ပေးပြီး သင် Install စတင်လုပ်ဆောင်ပါ၊ ဒါပေမဲ့ ဒီလို Install လုပ်ဖို့  သင့်ဖုန်းထဲက Developer Option ထဲက USB Debugging ကို အမှန်ချစ်ပေးဖို့ လိုပါတယ် ကျ နော့ဖုန်းထဲမှာတော့ အမှန်ချစ်ပေးထားပြီးလို့ ဒီ Post ကိုရေးဖို့ ပုံတွေ ယူတဲ့ အခါမှာ ဒီအဆင့်မပေါ်ပါဘူး၊ ဒီတော့ ဒီ USB Debugging ကိုအမှန်ချစ်ပေးတာကို သိလိုပါက Android 4.2.2, Jelly Bean, အထိ Root ဖေါက်ပေးနိုင်သော VRoot မှာသွားကြည့်ပါ။ USB Debugging ကို On ပေးပြီးလို့  Install စလုပ်တော့ မယ်ဆိုရင်တော့ အောက်ကပုံကို စမြင်ရမှာဖြစ်ပါတယ်။ 
Install လုပ်ပြီးသွားလို့ ရှိရင် သင့်ဖုန်းထဲမှာ Easy Screenshot ဆိုတဲ့ Icon လေးကိုမြင်ရမှာဖြစ်ပါတယ် အောက်က ပုံကိုကြည့်ပါ။ 
ဒီတော့ သင်အနေနဲ့  ScreenShot ကိုစသုံးတော့မယ် ဆိုရင် အဲဒီ Easy Screenshot ပုံကိုနှပ်ပေးပြီးဝင်ပါ အောက်ကပုံကတော့ Screenshot ကိုသုံးနေပြီဖြစ်လို့ မြင်ရတဲ့ ပုံပါ။ ဒီလို Screenshot ရိုက်တော့မယ် ဆိုရင် Power ကိုအပိတ်ဖွင့်လုပ်တဲ့ Power Key နဲ့ အသံအတိုးကြယ်လုပ်တဲ့  Volume Down Key နှစ်ခုလုံးကို တစ်ပြိုင်ထဲ ပြိုင်တူ ဖိပေးထားရတာဖြစ်ပါတယ်။
အောက်ကပုံကတော့ ရိုက်ပြီးပြီးချင်း Save လုပ်ခိုင်းတဲ့ ပုံပါ 
ဒီလောက်ဆိုရင် လုပ်လို့ ရပြီထင်ပါတယ် Play Store မရှိသူများစိတ်ချမ်းသာလက် ချမ်းသာ သုံးနိုင်ပြီထင်ပါတယ်။
ကျနော် Post တွေကို မြန်မာတို့ အတွက် ဗဟုသုတ ဆိုဒ်မှာ လည်းတင်မှာဖြစ်ပါတယ်။
No comments:
Post a Comment