Lenovo S939
MORE PICTURESSamsung Galaxy Note 3 Neo
MORE PICTURESNokia Lumia 1520
MORE PICTURESMotorola RAZR HD XT925
MORE PICTURESLG G2 mini LTE
MORE PICTURESApple iPhone 5
MORE PICTURESHTC One (M8) for Windows (CDMA)
MORE PICTURESBlackBerry Z10
MORE PICTURESHuawei Honor 6
MORE PICTURESAsus PadFone S
MORE PICTURESAcer Liquid Z4
MORE PICTURESAlcatel One Touch Fierce
MORE PICTURESHP Slate6 VoiceTab
MORE PICTURESZTE Grand X Pro
MORE PICTUREST-Mobile G2x
MORE PICTURES

Thursday, December 25, 2014

Root Asus Zenfone 5 ကို အောင်မြင်ခြင်းမှတ်တိုင်။



ကျနော် Asus Zenfone 5 ကို Root ဖေါက်ခ မလေးငွေ RM 40 တောင်းတာကို ပိုင်ရှင်က များတင်ထင်ပြီး ဈေး ဆစ်လို့  ကျတော်တစ်ပြားမှ မယူလိုက်ပါဘူး။ ဒီဖုန်းကို သူတို့ 

ဆိုင်တွေမှာသွားပြီး မြန်မာစာထဲ့ခိုင်းတာ ဘယ်သူမှထဲ့မပေးနိုင်ပါဘူး ခုလိုအဆင်ပြေသွားတော့ ကျနော် ဝမ်းသာအားရ Post တင်ပေးလိုက်ပါတယ် ဒီလိုပညာပါရမီမျှဝေခြင်းသည် ကုသိုလ်ဖြစ်ရိုးမှန်ပါက  ပညာကိုတပ်ဘိုးမထားတပ်တဲ့ ဒီလို Asus Zenfone 5 ပိုင်ရှင်မျိုးနဲ့ ဒီဘဝမှစ၍ နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် မဆုံပရ မတွေပါရစေသား။ ကျနော်ရဲ့  ASUS K012 FE170 CG  ကို Root ဖေါက်တာမအာင်မြင်ခဲ့ပါဘူး သိတဲ့အတိုင်း ဝမ်းရေးကြောင့်ပြန်ရောင်းလိုက်ရတယ်၊ ဘာ့ကြောင့်မအောင်မြင်ခဲ့ရလို့ မေးရင် ဝမ်းရေးကြောင့် အချိန်မရလိုက်လို့ ပါ၊ ဒီနည်းဟာ Asus Zenfone 5 အတွက်သာဖြစ်ပါတယ်။ အခု Asus Zenfone 5 ကို Root ဖေါက် ဖို့ အခွင့်ရေးရလာလို့  နေ့ လယ် ကနေစကြိုးစားလိုက်တာ ညနာရီလောက်မှ Root ဖေါက်လို့ အောင်မြင်သွားပါယယ်။ ဒီတော့ Root ဖေါက်တဲ့အခါမှာ  အထူးအရေးတစ်ကြီးသိထားရမှာက သင့်ဖုန်းကို Root ဖေါက်လိုက်ရင် Warranty
ပျက်သွားပြီဆိုတာပါဘဲ။ ပြီးတော့ ဒီနည်းဟာ အဆင့်မြင့် နည်းပညာထဲမှာပါတာဖြစ်လို့  သင့်မလုပ်ဆောင်ခင်မှ စာတွေကိုသေချာအောင်ဖတ်ပါ၊ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ Link ကိုလဲအောက်ဆုံးမှာပေးထားပါတယ်။ ဒီနည်းနဲ့ 21/12/2014 မနေ့ က ASUS Zenfone 5 တစ်လုံးကိုအောင်မြင်စွာ Root ဖေါက်ပေးခဲ့လို့  ရဲရဲ ကြီးတင်ပေးလိုက်တာပါ။ ဒီဖုန်းကို V-Root, iRoot, Pro Myanmar Root, စသဖြင့် နည်းမျိုးစုံအောင်သုံးပြီးမအောင်မြင်တော့လို ဒီနည်းကိုသုံးလိုက်တာပါ။ သင်လုပ်ကြည့်လို့ သင့်ဖုန်းပျက်စည်းသွားရင် သင့်တာဝန်သာဖြစ်ပြီး သင့်ရဲ့ စာဖတ်အားနည်းတာကို သင်သိနို င်မှာပါ။ ဒီတော့ Root မဖေါက်ခင် သင် ဖုန်းကို Backup လုပ်ထားဖို့ အထူး အရေးတကြီး အသဲအသန် အားတက်သရော တိုက်တွန်းပရစေ။
ဒီအဆင့်တွေ မလုပ်ဆောင်မှီ သင့်မှာရှိထားရမှာတွေကိုအောက်မှာ ရေးပြထားပါတယ်၊ နံပါတ် တစ် နဲ့  နှစ် ကိုဒေါင်းယူပြီး ကွန်ပျူ တာမှာ Install လုပ်ရမှာဖြစ်ပါတယ်။ ဒီနှစ်ခုကို ကျနော် Google Drive မှာတင်ပေးထားမှာဖြစ်သလို မူရင်း Link ချိတ်ပေးထားမှာဖြစ်လို့ သူ့ မူရင်းဆိုဒ်မှာလဲသွား ယူနို င် ပါတယ်။ မူရင်းဆိုဒ်မှာတော့ Root z5 kitkat v2 နဲ့ Intel driver တို့ တစ်ခုဆီအတွက် Link နှစ်ခုစီထဲ့ပေးထားပါတယ်။

1. Root z5 kitkat v2  Google Drive Download
2. Intel driver   Google Drive Download
3. USB Cable
4. Windows pc

ဒီ Post ကိုမူလရေးသားသူကတော့ Windows 7 သုံးထားပြီး ကျနော်ကတော့ Windows XP ကိုသုံးပြီးလုပ်ခဲ့တာပါ။
(၁) ကဲ Root z5 kitkat v2 နဲ့ Intel driver တို့ ဒေါင်းယူပြီးရင် ပထမအရင်ဆုံး Intel driver တို့ Install လုပ်ကြရအောင်။ အောက်ကပုံတွေဟာ Windows 7 ထဲမှာ Install လုပ်တဲ့ပုံတွေဖြစ်လို့  Windows 7 အသုံးပြု သူများပိုမိုလွယ်ကူစေမယ်ထင်ပါတယ်။





 

 

(၂) Intel Driver ကို Install လုပ်ပြီးရင် ဖုန်း နဲ့  ကွန်ပျူ တာကို Cable ကြိုးနဲ့ ဆက်သွယ်ပေးပါ။ ဒီနေရာမှာလဲ အထူးသတိထားရမှာကတော့ ကွန်ပျူ တာနဲ့  ဖုန်းကိုချိတ်ဆက်ပြီး Root ဖေါက်တော့မယ်ဆိုတာနဲ့  ဖုန်းထဲက USB Debugging Mode ကို အမှန်ချစ်ပေးဖို့ ကိုဘယ်တော့မှ မမေ့ပါနဲ့  ကျနော်ရေးခဲ့တဲ့ V-Root မှာပုံနဲ့ အသေးစိတ်ပြပေးထားပါတယ်။ သွားရမဲ့  အဆင့်ဆင့်ကို ပေးထားပါတယ် settings>about>software information>build number >
ဖုန်းထဲက Setting ထဲကိုဝင်ပါပြီးရင် အောက်ဆုံးက About Phone ထဲကို နှိပ်ပြီးဝင်ပါ။ ဝင်ပြီးရင် Software Information ကိုရှာပြီးထပ်ဝင်ပါ အထဲမှာ Build number နေရာကို လက်ဖြင့် အကြိမ်ကြိမ် ခေါက်ပါ ၇ ချက်လောက် အနဲ ဆုံးခေါက်ရမယ်ထင်ပါတယ် ဒီလိုခေက်နေရင်း နောက်တပ် ဘယ်နှစ်ချက်ခေါက်ရင် Developer ဖြစ်ပြီဆိုတာပြပေးနေပါတယ် အားလုံးပြီးသွားရင်တော့ settings>developer options>usb debugging (enable/check it) အမှန်ချစ်လေးဖေါ်ပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။



(၃) မူရင်းရေး သူကတော့ Rootz5kitkatv2 ကို ဖုန်း နဲ့  ကွန်ပျူ တာ ချိတ်လို့ ရမရစမ်းကြည့်တဲ့ အဆင့်ကိုပြပေးထားပါတယ်၊ ဒီနည်းနဲ့  Windows XP မှာစမ်းလို့ မရလို့  ကျနော်လက်တွေ့ လုပ်စဉ်က မလုပ်ဘဲ ကျော်လိုက်တာပါ၊ မူရင်းစာရေးသူကို လေးစားသောအားဖြင့် ဒီအဆင့်ကို ထဲ့ပေးထားပါတယ် Windows 7 သုံးသူများအတွက်တော့ အဆင်ပြေမှာပါ။ အောက်ပုံမှာပြထားသလို Rootz5kitkatv2 ကို ZIP ဖြည်ပေးထားတဲ့ Folder ထဲဝင်ရင် Files ကိုတွေ့ ပါမယ် Files အပေါ်မှာ Pointer တင်ပြီး Shift ကိုဖိထားပြီး Right Click ကိုနှိပ်ပါ ပြီးရင် ပုံထဲမှာပြထားပေးတဲ့ အတိုင်း Open command windows here ကိုနှိပ်ပါ။




(၄) Command Prompt Box လေးကြလာပါမယ် အောက်ကပုံကတော့ မူရင်းရေးသူရဲ့ နမူနာပုံလေးပါ။ ကျနော်ကတော့ ဒီအဆင့်ကို စမ်းမလုပ်ခဲ့ပါဘူး ကျော်လိုက်တာပါ။



(၅) အကယ်၍ သင့်ဖုန်းထဲမှာ Unauthorized ဆိုတဲ့စာပေါ်လာခဲ့ရင်တော့ သင်ဆက်လုပ်လို့ မဖြစ်နိုင်ပါဘူး သင့်ရဲ့ ဖုန်းကို ဆက်ထားတဲ့ ဝါယာကြိုးကို ပြန်ဖြု တ် ပြီး မှ ပြန်ဆက်ပေးပါ။ ဒီအခါမှာ အောက်ကပုံကိုမြင်ရမှာဖြစ်လို့  Always Allow From This Computer မှာ အမှန်ချစ်ပေးပြီး OK နဲ့ ထွက်လိုက်ပါ။




(၆) ဒီအဆင့်မှာ သင့်ရဲ့ ဖုန်းကို Root ဖေါက်တော့မှာဖြစ်ပါတယ် ဒီအဆင့်ကို လုပ်ဆောင်တဲ့အခါ ကျနော်ရေးထားတာတွေ ဖတ်တဲ့အပြင် မူရင်းကိုလဲသွားလေ့လာကြပါ။ "rootz5kitkatv2" ကို ထားတဲ့ Folder နေရာကိုသွားပါ အောက်ပုံအတိုင်း မြင်ရမှာဖြစ်ပါတယ် Files တွေတွေ့ မှာပါ အဲဒီအထဲက "root-zenfone5-ww" နဲ့  "Root-ZenFone5-en" ကိုရှာပါ ကျနော့ Windows ထဲမှာတော့ "root-zenfone5-ww" မပါလာပါဘူး "Root-ZenFone5-en" ကိုသုံးပြီးလုပ်သွားတာဖြစ်ပါတယ်။ သင့်ကွန်ပျူ တာမှာ ဘယ် Files ပါမယ်ဆိုတာကိုတော့ မပြောနိုင်ဘူးပေါ့ ဒီ Files နှစ်ထဲက အမည်တူတဲ့ File ပေါ်မှာ Double-Click နှိပ်ပြီးဖွင့်လိုက်ပါ။


 

(၇) ဒါဆိုရင် Command Prompt Box ပွင့်လာပြီးအောက်က ပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။ ဒီတော့ ဒီ cmd.exe ဘောက်ထဲမှာ Press any key to continue လို့ မြင်ရမှာဖြစ်လို့  သင့် Keyboard ထဲကကြိုက်တဲ့ Key တစ်ခုကိုနှိပ်လိုက် ပါ ဒီအချိန်မှာ သင့် ဖုန်းကို ကြည့်ပါ Reboot လုပ်တာကိုမြင်ရပါမယ် ဒီလို Reboot ကို လေး ငါးကြိမ်လုပ်တပ်ပါတယ် သင့်စောင့်ကြည့်နေလိုက်ပါ။




သင့် key တစ်ခုခုကို နှိပ်လိုက်တဲ့ အခါမှာ အထက်ကပုံထဲကလို Unlocking boot loader ဆိုတဲ့စာတွေထက်လာပြီး သင့်ရဲ့ ကွန်ပျူ တာက သင့်ဖုန်းကို Root စဖေါက်နေတာဖြစ်ပါတယ်။ သူလုပ်ဆောင်တာတွေအားလုံးပြီးစီးသွားရင် သင့်ကို Press any key to continue ဆိုတဲ့ စာကို ဒုတိယအကြိမ် ထပ်မြင်ရမှာဖြစ်ပါတယ်၊ ဒီအကြိပ် သင်ကြိုက်ရာ Key တစ်ခုခု ကို နှိပ်လိုက်ရင် ဒီ Command Prompt Box ပြန်ပြောက်သွားမှာဖြစ်ပါတယ် အောက်ပုံကိုကြည့်ပါ အောက်ဆုံးမှာ Press any key to continue ကိုတွေမှာပါ။

 

(၈) သင့်ရဲ့ ဖုန်းဟာ Reboot အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံး ဖုန်းဟာ မူလ အတိုင်းပြန်ဖြစ်သွားပြီး ဆိုရင် သင့်ဖုန်းရဲ့ Apps ထဲမှာ SuperSU App ကိုတွေ့ ရမှာဖြစ်ပါတယ် အောက်ပုံမှာ အနီနဲ့ ဝိုင်းပြထားပါတယ် သင်ဖုန်းဝယ်စဉ်က ပါလာတဲ့ Apps မဟုက်ဘဲ Root ဖေါက်လိုက်လို့ ပေါ်လာတဲ့ App ပါ။ ဒီတော့ စာဖတ်သူတွေအနေနဲ့  ဖုန်းဝယ်တဲ့အခါ ဒီ SuperSU မူလထဲက ပါလာရင်တော့ သင့်ဖုန်းဟာ Root ဖေါက်နေစရာမလိုတာကို သိထားပါ။ ကျနော်ခုသုံးနေတဲ့ Lenovo A880 မှာဝယ်ထဲက ဒီ SuperSU ပါလာပြီးသားဖြစ်ပါတယ်။ 

 

(၉) ဒီလို Root ဖေါက်လိုက်လို့  OTA Update ကိုခံနိုင်အောင် SuperSu ထဲက Setting ထဲကိုဝင်ပါ၊ ပြီးရင်  Pro ထဲကိုဝင်ပြီး Done ဆိုတဲ့ စကားလုံးကို ရှာပြီးနှိပ်ပေးပါ ပြီးရင် ပြန်ထွက်ပြီး အောက်ပုံထဲမှာပြထားပေးတဲ့အတိုင်း အမှန်ချစ်တွေပေးထားပါ။


 

ကဲသင့်ဖုန်းအောင်မြင်စွာ Root ဖေါက်လို့ ပြီးသွားပြိမို့  သင့်ကို ချိးကြူးပါတယ်။ 
မူရင်းဆိုဒ် ကိုဒီကနေသွားပါ။


မြန်မာတို့ အတွက် ဗဟုသုတ
22/12/2014

No comments:

Post a Comment