Lenovo S939
MORE PICTURESSamsung Galaxy Note 3 Neo
MORE PICTURESNokia Lumia 1520
MORE PICTURESMotorola RAZR HD XT925
MORE PICTURESLG G2 mini LTE
MORE PICTURESApple iPhone 5
MORE PICTURESHTC One (M8) for Windows (CDMA)
MORE PICTURESBlackBerry Z10
MORE PICTURESHuawei Honor 6
MORE PICTURESAsus PadFone S
MORE PICTURESAcer Liquid Z4
MORE PICTURESAlcatel One Touch Fierce
MORE PICTURESHP Slate6 VoiceTab
MORE PICTURESZTE Grand X Pro
MORE PICTUREST-Mobile G2x
MORE PICTURES
Thursday, December 25, 2014
Play Store ရှိပြီးသုံးမရဖြစ်နေသော ဖုန်းများ ဒီနည်းလေးကို စမ်းကြည့်ကြပါ
Play Store ရှိပြီး သုံးလိုမရဖြစ်နေသော မိတ်ဆွေများ ဒီနည်းလေးကို သုံးကြည့်ကြပါ ပထမ သင့် ဖုန်းထဲက Setting ထဲမှာ Apps သို့ မဟုပ် Application Manager ထဲကိုဝင်ပါ ဘေးမှာ ပြထားတဲ့ ပုံက Lenovo A880 ထဲကပုံပါ။ Apps ထဲကို ဝင်ပြီးသွားရင် အောက်မှာ ပြထားပေးတဲ့ ပုံကို မြင်ရပါမယ်။
ဒီပုံထဲက Download ထဲမှာ Play Store ကိုတွေ့ နေရပေမဲ့ သင့်ဖုန်းမှာတော့ တွေရမှာ မထင်ဘူး ဘာလို့ လဲ ဆိုတော့ သင့် ဖုန်းထဲက Play Store ဟာသုံးလို့ မရဖြစ်နေလို့ ပါ။
သင် ဖွင့် ပြီးသွားရင်  အောက်ကပုံ လိုတွေ့ ရမှာ ဖြစ်ပါတယ် ဒီပုံက နမူနာပြပေးထားတဲ့ ကျနော့ ဖုန်းထဲကပုံ ပါ သင့်ဖုန်းနဲ့  အနည်းငယ် မတူတာတွေ့ ရပါမယ်။
ဒီ ပုံက Play Store သုံးလို့ ရနေတဲ့ ပုံပါ သင့် ဖုန်းထဲမှာ တော့ Enable ဆိုတဲ့နေရာ ကိုတွေ့ ရမယ်ဖြစ် ပါတယ် အဲဒီ Enable ကို လက်နဲ့ ထောက်ဖိ ပြီး ဖွင့်ပေးလိုက်ရင် သင့် ဖုန်းရဲ့ Play Store ဟာပြန်သုံးလို့ ရသွားမှာ ဖြစ်ပါတယ်။ 
1} လိုလိုမယ်မယ် အောက်မှာ Video လေးထဲထားပေးပါတယ် ကြည့်ကြပါအုန်း။
2} နောက်ထပ် နည်းတစ်ခုကိုလည်း ထပ်ထဲ့ ပေးလိုက်ပါတယ် အောက်ပါ Video ကိုကြည့်ပြီး လုပ်ကြပါ။
3} သူငယ်ချင်းတစ် ယောက်က Viber မှာ အထက်က နည်းတွေနဲ့  အဆင်မပြေဘူးဆိုလို့ ထပ်တင်ပေးတာပါ အားလုံး လုပ်ဆောင်ကြည့်ရန် နည်း ခုပါဝင်ပါတယ် အဆင်ပြောကြပါစေဗျာ။ လူတွေကို အဆင်ပြေစေချင်တဲ့ စေတနာ သက်သက်ပါ။
1. Cache တွေကိုရှင်းထုပ်နည်း
androidpit google play 1
မျှားအနီရောင်နဲ့  Clear Cache ကိုမြင်အောင်ပြထားပေးပါတယ်။ 
2. Data များကို ဖျက်ပြစ်နည်း
အထက်မှာ ပြပေးထားတဲ့ နည်းနဲ့ မရ ဘူးဆိုရင် Play Store ရဲ့ Data တွေကို ဖျက်ပြစ်ဖို့ လိုပါတယ် ဒီနည်းက တော့ အထက်မှ ပြထားတဲ့ အတိုင်းပါဘဲ Clear Cache ရဲ့ အထက်နားမှာ Clear Data ဆိုတဲ့ Button ရှိပါတယ် ဒီ Clear Data ကိုနှိပ်ပေးလိုက်ပါ ဒါ ဆိုရင် သင့်ရဲ့ Play Store အလုပ် ပြန်လုပ်နေလောက်ပြီထင်ပါတယ်၊ မကယ်၍ အလုပ် ပြန်အလုပ်သေးရင်တော့ အောက်ကနည်း နဲ့ ထပ်ကြိုးစားပါ။ 
3. Play Store updates လုပ်ထားတာကို ပြန်ပြီး Uninstall လုပ်ပေးပါ။
ဒီနည်းကလဲ ပထမ လုပ်ဆောင်ရမဲ့ အချက်တွေက အတူတူပါဘဲ နည်း အမှတ် 1 နဲ့  2 ကလိုပါဘဲ ပြီးရင် Uninstall And Update Button ကိုရှာပါ ပြီးရင် သူ့ ကိုနှိပ်ပေးလိုက်ပါ သူ့ အလိုလို Google Play Store ရဲ့ မူရင်း Version ကိုပြန်ဆင်းသွားမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ မရသေးရင် အောက်က နည်းကို ထပ်သုံးပါ။
4. Google Play Services ထဲက Cache များကိုရှင်းနည်း
androidpit google play 2 မျှားအနီရောင်နဲ့  Clear Cache ကိုမြင်အောင်ပြထားပေးပါတယ်။ 
ဒီနည်းကတော့ All ထဲမှာရှိတဲ့ Google Play Store ရဲ့ အထက်က App ဖြစ်တဲ့ Google Play Services ထဲကိုအရင်ဝင်ရမှာ ဖြစ်ပါတယ် အပေါ်က ပထမပုံကိုကြည့်ပါ ပြီးမှ ဘေးကပုံထဲက Clear Cache ကိုရှင်းလိုက်ပါ။ အဆင်မပြေသေးလဲ စိတ်မပျက် ပါနဲ့  နောက်ထပ်နှစ်နည်းကျန်ပါသေးတယ်။
5. Download Manager ကို Activate လုပ်ပေးခြင်း
ဒီနည်း ကလည်း Setting ထဲကနေဝင်လာပြီး Apps သို့ မဟုပ် Application Manager ထဲကနေပြီး All အထိရောက်အောင်လာပြီး All ထဲမှာရှိတဲ့ Android Icon လေးနဲ့ ပြထားပေးတဲ့ App လေးဖြစ်ပါတယ် အောက်ကပုံ နှစ်ပုံကိုကြည့်ပါ ပထမ ပုံက All ထဲမှာရှိနေတဲ့ Download Manager ကိုရှာပြပေးထားတာပါ ဒုတိယပုံက တော့ Download Manager ကအလုပ် လုပ်နေလို့ Disable ခလုပ်နေရာလေးမှာ မှိန်နေတာဖြစ်ပါတယ် အကယ်၍ အဲဒီ Disable လေးကို နှိပ်ကြည့်လို့ ရပါက နှိပ်လိုက်ရင် Enable လို့ ပြောင်းသွားမှာ ဖြစ်ပါတယ် အခု Active ဖြစ်နေလို့  လုပ်စရာမလိုပါဘူး သင့် ဖုန်းမှာ Active ဖြစ်မနေပါက Disable ကို နှိပ်ပြီး Enable ပြောင်းခြင်းဖြင့် Active လုပ်ပေးရမှာဖြစ်ပါတယ်။
6. Google account အကောင့်ကိုဖျက်ထုပ်ပြီးမှ ပြန်ထဲ့ခြင်း
androidpit google play 5
Google Account ကိုဖျက်ပြစ်ပြီးမှ ပြန်ထဲ့တဲ့ နည်းဖြစ်ပါတယ် 
ဒီနည်းကတော့ ဖုန်းတွေမတူရင် လုပ်ဆောင်ရတာမတူလို့  ရှင်းပြနေလဲ သိပ်တော့ မထူးလှပါဘူး ဒီနေရာမှာ အထက်က ပုံတွေကို ကြည့်ပြီးလုပ်မယ် ဆိုရင်လဲ လုပ်လို့ ရပါတယ် Google Account ကိုဖျက်ရမှာ ပြီးတော့မှ အသစ်ပြန်ထဲ့မှာ ဆိုတော့ ဖုန်းကို Reset ချ လိုက်ရင်လဲ အကောင့်ပြန်ဖွင့်ရတာဆိုတော့ အောက်ကနည်းကို သုံးခြင်းက ပိုကောင်းမယ်ထင်ပါတယ်။ ဒါပေမဲ့ အကောင့်ဖျက်လို့ တဲ့ ဖုန်းများအတွက်တော့ ဖျက်လိုရရင် အကောင့်ပြန်ထဲ့ဖို့ တော့ ရေးပြလိုက်ပါတယ်။ ဒါကလဲ လွယ်လွယ်လေးပါ  Settings > Accounts > Add Account > Google ကိုသွားပြီး ဖွင့်ပေးရမှာဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။
7. Factory Data Reset လုပ်ပေးခြင်း
ဒီနည်းလေးကတော့ Smart Phone ကိုင်ဆောင်ထားသူတိုင်း Play Store ပြဿ      နာ အပြင် အခြားအကြောင်းတွေကြောင့် Reset ချ ဖို့ လိုအပ်လာရင် လုပ်ရအောင်လူတိုင်းသိထားသင့်တာလေးပါ။ သိတဲ့ သူများအတွက် လွယ်လွန်းလို ပြောတောင် မပြောချင်ပါဘူး ဒါပေမဲ့ မသိသေးသူများအတွက် ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်အဆင့်ကိုဘဲ လုပ်လုပ် Setting ထဲတော့ဝင်ရတာကြီးပါ အောက်မှာလဲ ပုံနဲ့ ပြပေးထားတော့ ပိုတောင်လွယ်ပါသေးတယ်၊ Setting ထဲကိုဝင်ကြည့်ပြီး Back Up And Reset ကိုရအောင်ရှာပါ တွေ့ ရင် နှိပ်ပြီးဝင်လိုက်ပါ။  အောက်က နှစ်ပုံထဲက ပထမ ပုံက Backup and Reset ကိုပြပေးထားပါတယ် ဒုတိယ ပုံက Backup and Reset ထဲကိုဝင်ပြီးရင် တွေ့ ရမဲ့ ပုံဖြစ်ပါတယ်၊ Back Up my Data မှာအမှန်ချစ်လေး ပေးပြီး Factory Data Reset ကိုနှိပ်ပေးလိုက်ရုံပါဘဲ အနီရောင် မျှားတွေနဲ့ ပြထားပေးပါတယ်။  Factory Data Reset ကိုနှိပ်ပြီးရင် တော့ သူအလုပ် လုပ်နေတဲ့ အချိန်ကို စောင့်ပါ မလောပါနဲ့  ဖုန်း ဟာ သူ့ အလိုလို ပါဝါ ပြန်ဝင်လာပြီး အားလုံး အခြေနေ ပုံမှန်ဖြစ်သွားပြီးရင်  တောင် ခဏ စောင့်ပါ၊ ပြီးမှ Play Store ထဲကိုဝင် ပြီး G-mail account ကို အသစ်ပြန်ဖွင့်ခြင်းဖြင့် သင့် Play Store ဟာ ကောင်းသွားမှာဖြစ်ပါတယ်။ 
androidpit google play 6 မျှားပြထားတဲ့ နေရာကို နှိပ်ပေးပါ
ကဲ နည်းတော့ ပြောပြီးသွား ပြီ သင့် Play Store ပြန်မကောင်းသေးဘူး လား မကောင်းသေးရင် ပြောနော် နောက်တစ်နည်း ကျန်သေးတယ်။ ဒါကတော့ နောက်ဆုံးနည်းပါ ဝှက်ဖဲ ဆိုပါတော့ ဒီနည်းကတော့ သင် ဝယ်လာတဲ့ ဆိုင် သို့ မဟုပ် Factory Rom ပြန်ထဲ့ ပေးနိုင်တဲ့ ဆိုင် တစ်ဆိုင် ဆိုင် ကိုသွားပြီး Factory Rom ကို အခကြေးငွေ ပေး ပြီးထဲ ခိုင်းလိုက်ပါ၊ သင့်ဖုန်း အာမခံ မကုန်သေးရင် ဆိုင်တွေက အလကား လုပ်ပေးရပါတယ်။ ဒီ နောက်ဆုံး နည်းကို ဖတ်ပြီး ရယ်မောနိုင် ကြပါစေ။
 မြန်မာတို့ အတွက် ဗဟုသုတ မျှ ဝေခြင်းပါ
6/12/2014
1 comment: